Tutorials References Exercises Videos Menu
Log in
Create Website Get Certified Upgrade

ဘယ်ကနေ စရမလဲ

Web Developer တစ်‌ယောက်ဖြစ်လာဖို့ အောက်မှာ ဖော်ပြထားတဲ့ တစ်ဆင့်ချင်းဆီ ကနေ စကြရအောင်


HTML

1. သင့်ရဲ့ ပထမဆုံး webpage တစ်ခု ဖန်တီးပါ

ပထမဆုံးအနေနဲ့ စတင်ရမှာကတော့ HTML လို့ခေါ်တဲ့ webpages တွေ တည်ဆောက်ရာမှာ အခြေခံကျတဲ့ ဘာသာရပ်တခု ကိုသင်ယူလေ့လာရမှာဖြစ်ပါတယ်

HTML သင်ယူရန်

CSS

2. သင့်ရဲ့ webpage ကို အလှဆင်ပါ

‌နောက်တစ်ဆင့် အနေနဲ့ကတော့ သင့်ရဲ့ webpage ကို CSS ဆိုတဲ့ ဘာသာရပ်ကို သင်ယူပြီး လှပတဲ့ အရောင်, စာပုံစံ စတဲ့ အရာတွေနဲ့ တခြားသော အရာများစွာကို သုံးပြီး သင့်ရဲ့ webpage ကို အံ့သြဖို့ ကောင်းအောင် ဖန်တီးလိုက်ပါ

CSS သင်ယူရန်

JavaScript

3. သင့်ရဲ့ Webpage ကို အသက်၀င်အောင် ပြုလုပ်ပါ

HTML နဲ့ CSS ကိုလေ့လာသင်ယူပြီးရင်တော့ သင့်ရဲ့ webpage ကို ပိုမိုက်ပြီးတော့ ကြည့်ရှုသူတွေတွက်လဲ အသက်၀င်အောင် လုပ်ဆောင်ပေးနိုင်တဲ့ JavaScript ကို သင်ယူဖို့ အကြံပေးပါတယ်

Learn JavaScript



ဘာတွေဆက်လုပ်ရမလဲ?

သင့်အနေနဲ့ HTML, CSS နဲ့ JavaScript တို့ကို အသုံးပြုပြီး Webpage တွေကို ဖန်တီးခြင်း၊ အလှဆင်ခြင်းနဲ့ အပြန်အလှန်အလုပ်လုပ်အောင် ပြုလုပ်နည်းတွေကို သိပြီးဖြစ်ပါတယ်။

နောက်တစ်ဆင့်ကတော့ သင့် Webiste ကို ထုတ်ပြန်ဖို့ပါပဲ။ ဒါမှလည်း ကမ္ဘာတစ်ဝှမ်းက သင့်လုပ်ဆောင်ချက်တွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ရွေးချယ်စရာ Hosting ဝန်ဆောင်မှုပေးတဲ့ နေရာများစွာရှိပါတယ်။ ကျွန်ုပ်တို့က သင့်အတွက် အခမဲ့ဝန်ဆောင်မှုတစ်ခုကို ပြင်ဆင်ပေးထားပါတယ်။

W3Schools Spaces

Build your own website with W3Schools Spaces.

Get Started for Free

မင်္ဂလာပါ၊
Front-End Developer!

ဝဘ်ဆိုဒ်များနှင့် ဝဘ်အပလီကေးရှင်းများကို အသက်မွေးဝမ်းကျောင်းအဖြစ် ဖန်တီးကြသူများကို Front-End Developer များဟု ခေါ်ပါသည်။

Tip: Front-End Developer အများစုဟာ Bootstrap, SASS (CSS pre-processor), jQuery နဲ့ React, Git လို့ခေါ်တဲ့ ဗာရှင်း ကိုထိန်းချုပ်လို့ရတဲ့ System, အစရှိတဲ့ မတူညီတဲ့ CSS, JavaScript frameworks, libraries များနဲ့ပတ်သတ်ပြီး အချို့သော အခြေခံ ဗဟုသုတ လေးတွေ ရှိကြပါတယ်

အဲ့တာဆို Back-End ကကော?

Front-end development ဆိုတာ client-side (ဝဘ်စာမျက်နှာ ဘယ်လိုပုံပေါက်မလဲ) နဲ့သက်ဆိုင်ပါတယ်။
Back-end development ကတော့ server-side (ဝဘ်စာမျက်နှာ ဘယ်လိုအလုပ်လုပ်မလဲ) ကိုဦးတည်ပါတယ်။

Front-end code တွေကို static websites (အပြောင်းအလဲမရှိသော ဝဘ်ဆိုဒ်များ) တည်ဆောက်ရာမှာ အသုံးပြုပါတယ်။ ဥပမာ - သတင်းများ၊ မိတ်ဆက်စာမျက်နှာများ။သင့်ဝဘ်ဆိုဒ်ကို dynamic (အလိုအလျောက်အချက်အလက်ပြောင်းလဲနိုင်သော) ဖြစ်စေဖို့ဆိုရင် back-end programming language တစ်ခုခုကို လေ့လာဖို့လိုပါတယ်။ ဥပမာ - PHP ဒါမှမဟုတ် Python,SQL စတာတွေကို Database နဲ့ ဆက်သွယ်ရာမှာသုံးပါတယ်

အခြားလူကြိုက်များသော Programming Languages များကို ကျွန်ုပ်တို့၏ Homepage တွင် ကြည့်ရှုနိုင်ပါတယ်။